Tuesday, March 4, 2014
“ဒေါသကြီးနေရင် စကားမပြောနဲ့”အောင်ကောင်းမွန်(လားရှိုး)
တနေ့သ၌ လားရှိုးမြို့စွန် ရန်တိုင်းအောင်ဆုတောင်ပြည့်ဘုရားအနီး                                                         ရွှေလီရတနာရပ် ကျွန်ုပ်၏နေအိမ်သို့ 
အသက်(၅၀)အရွယ်ခန့်ရှိသော
အမျိုးသမီးကြီးတစ်ဦးသည် အလည်အပတ်ရောက်ရှိလာလေ၏။
၎င်းဒေါ်အုန်းမြင့်သည်ယခင်ကျွန်ုပ်ထံသို့မကြာခဏရောက်ရှိလေ့ရှိသော ဧည့်ကောင်းတစ်ယောက် ဖြစ်သော်ငြားလည်း
လတ်တလောတွင် မလာသည်မှာ အတော်ပင်ကြာလေပြီဖြစ်၏။
 ၎င်းကိုမြင်လျှင်ကျွန်ုပ်သည်ကား ခင်မင်ရင်းနှီးမှုအား 
အကြောင်းပြု၍ လွန်လေပြီးသော အချိန်ဆယ်စုနှစ်များဆီသို့ 
မသိမသာတွေးမိလေ၏။ ထိုသို့တွေးရင်းပင်စောစောကထွက်နေသောဒေါသများလည်းပြေသွားလေတော့၏။
 ဒေါ်အုန်းမြင့်သည်ကျွန်ုပ်ငယ်စဉ်ရပ်ကွက်အတွင်းနေထိုင်စဉ်မှစ၍ပင်လွန်စွာရင်းနှီးခဲ့
သူတဦးပင်ဖြစ်တာ့၏။
ဒေါ်အုန်းမြင့်အားမြင်လျှင်ကျွန်ုပ်ငယ်ဘ၀ဖြတ်သန်းခဲံမှုတို့အားပြန်လည်ကာတွေးတောသတိရမိလေ၏။
ကျွန်ုပ်၏အမှတ်တမဲ့တွေးမိလေသောရုပ်သဏ္ဍာန်အား စူးစိုက်စွာကြည့်မြင်လေသော ဒေါ်အုန်းမြင့်မှာ -
          “မောင်ဝေလင်း . . . မင်းဘာဖြစ်လို့ ဒီလောက်ထိ
 ဒေါသတွေထွက်နေရတာလဲ…. . . အောင်ကောင်းမွန်(လားရှိုး)
 မဟုတ်တော့လို့လား . . . ဒါမှမဟုတ် လင်းလင်း(လားရှိုး) မဟုတ်တော့လို့လား”
Wednesday, September 18, 2013
“ချစ်ခြင်းဟူသောဆုံမှတ်”အောင်ကောင်းမွန်(လားရှိုး)
                                (အသစ်စက်စက်အချစ်ဝတ္ထု)
          မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် ယခင် သူမ                                                                    ပြည်ပထွက်ခွါစဉ်အချိန်ကာလနှင့်ယှဉ်လျှင် သိသာစွာ ကိုပင် ပြောင်းလဲသစ်လွင်နေသည်ကို သူမတစ်ယောက် သတိထားမိသည့်အလျှောက်ပင် နောက်ဆက်တွဲအတွေးစတို့သည် မည်သို့ဝင်လို့လာသည်ပင် သတိမထားမိလောက်အောင်သူမ၏ အသိအာရုံတို့အား ဖုံးလွှမ်းသွားလေတော့၏။
          “သြော် . . . အခုလို ကိုယ့်ပြည်ကိုယ့်မြေကို ပြန်ရောက်ရောက်ခြင်း ချစ်ခင်မြတ်နိုးရသူတို့၏ ထွေးပွေ့နွေးထွေးစွာ ကြိုဆိုခြင်းခံချင်မိတာက ပုထုဇဉ် ဤလူ့ဘောင် လူသားမှန်သမျှ၏ သဘာဝတစ်ခုပါလေ . . . ကိုလတ်တစ်ယောက်သာ အခုလိုအချိန်မှာ ပြည်ပဧည့်ကြိုသူတွေကြားထဲက ဘွားကနဲပေါ်လာမလားလို့ US တွင် ထပ်ဆင့်ဆေးပညာသွားရောက် သင်ကြားပြီးနောက် မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသူ သစ္စာမောင် တစ်ယောက် ရင်တွင်းတွင် မျှော်လင့်နေမိလေ၏။ ထိုစဉ်မှာပင် သူမမိခင်ဖြစ်သူနှင့် တစ်ဦးတည်းသော မောင်လေးဖြစ်သူတို့မှာ သစ္စာမောင်အား လှမ်း၍ မြင်လိုက်သည်နှင့်အမျှ “မမသစ္စာ”ဟုခေါ်၍ပင် လက်စွဲသားရေအိတ်လေးကိုင်ဆောင်ထားသော သစ္စာမောင်၏လက်ကို ဖမ်းဆွဲ လိုက်သော မောင်လေးဖြစ်သူ ကျော်စွာမာင်မှ အားရ၀မ်းသာစွာ ကြိုဆိုမှုပြုသလို ချစ်လွန်းလှသူ မိခင်ဖြစ်သူအား သိုင်းဖက်၍ပင် “မေမေရေ . . . မေမေက အလုပ်တွေကို ပင်ပင်ပန်းပန်းမလုပ်ပါနဲ့လို့ သမီးအမြဲလှမ်းပြောနေတာကို နားမထောင်ဘူး ထင်တယ် . . . အခုမေမေ့ကို ကြည့်ရတာ အရင်ထက်စာရင် ကိုယ်ရေစစ်သွားတယ် . . . ” မောင်လေးဖြစ်သူ ကျော်စွာမာင်မှ “ မမက မေမေကိုဘဲပြောနေတာ . . . မောင်မောင်ကိုလည်း ကြည့်ပါဦး . .   .မောင် မောင်ရော ဝလာလား . . . ပိန်သွားလား . . . အသားတွေဖြူလာလား . . . ” ဆိုတာကိုဟုပင် 
တစ်ဦးတည်းသော မောင်လေးဖြစ်သူမှာ ချစ်စနိုးချွဲနွဲ့မှုအား မြင်တွေ့လျှင် သစ္စာမောင်တစ်ယောက် “မောင်မောင်ကို အမြဲ VZO မှာတွေ့နေရတော့ မမက မြင်နေကျ . . . ဖြစ်နေလို့ပါ . . . မောင်မောင် ရယ် . . . မမ . . . မောင်လေးအတွက် . . . မမ သူငယ်ချင်းတွေက နိုင်ငံခြားမှာ မမကိုလာပြီး ယောက်မတော် ဆွေမျိုးစပ် နေကြတဲ့သူတွေ အများကြီးဘဲ . . . ငါ့မောင်ရဲ့ . . . မမ မောင်လေးက အသားတွေကျစ်ပြီး . . . တကဲ့ကို ထွားထွားကြိုင်းကြိုင်းကြီးကိုဖြစ်နေပြီ . . . ရည်းစားတွေရော မြန်မာပြည်မှာ မမမရှိတုန်း ဘယ်နှယောက်ထားပြီးပြီလည်း . . . ပြော”ဟု အစ်မဖြစ်သူတို့၏ ထုံးစံအတိုင်း ရောက်ရောက်ချင်းပင် စတင်ပြီး ရည်းစားစာရင်းမေးနေခြင်းကို ကျော်စွာမောင် တစ်ယောက်မှာတော့ မည်သို့မျှပင်ပြန်မဖြေဘဲ ပြံးဖြီးဖြီးမျှသာ လုပ်နေလေတော့၏။
          ဤသို့ပြောဆိုရင်း လျှောက်လာခဲ့ရာ ကားပါကင်သို့ပင် ရောက်ရှိလာပြီး သစ္စာမောင်၏ ခရီးဆောင်ပစ္စည်းများ ပို့ဆောင်ပေးသူ ကားပေါ်သို့ အသင့်တင်ပေးထားသော ပစ္စည်းစာရင်းများအား စစ်ဆေးပြီး ပြည့်စုံပြီဖြစ်သောကြောင့် US တွင် ထပ်ဆင့်ဆေးပညာသွားရောက်သင်ကြားပြီးစီးပြီး မြန်မာပြည်သို့ ပြန်လည်ထွက်ခွါလာသူ ဒေါက်တာ
“မေတ္တာဆိုသည်မှာ” အောင်ကောင်းမွန်(လားရှိုး)
ဖေဖေါ်ဝါရီလ(၁၄)ရက် ဆိုသည့် ပျော်ရွှင်ဖွယ်နေ့တစ်နေ့သည် မသိမသာနှင့် (၂၀၁၂)အတွက် ရောက်ရှိလို့ လာခဲ့ပြန်ပြီဖြစ်၏။ ကျွန်တော်ကတော့ ဖေဖေါ်ဝါရီလ(၁၁)ရက်မှာ အသက် (၃၆)နှစ် ပြည့်ခဲ့ပြီမို့ ဖေဖေါ်ဝါရီတစ်လလုံး ဘာသာရေးကိစ္စတွေနဲ့ ကျွန်တော့်ဟောခန်းကိစ္စကလွဲပြီး အလုပ်တွေကိုခေတ္တ လျှော့နိုင်သလောက်လျှော့ပြီး ကော့(စ်)မစ်အားတွေပြည့်နေတော့ အခုတလော စာတွေလည်းသိပ်မရေး ဖြစ်ဘူး ဖြစ်နေတယ်။ အခုတော့ Velentine's day အတွက် စာမူအဖြစ်က သီးသန့်ရေးထားတာကမရှိ ဖြစ်နေ တော့ စဉ်းစားရပါတယ်။ ကျွန်တော်က ဗီဒီယိုရိုက်ကူးရေးနဲ့ပတ်သက်ပြီး ဇာတ်ကားအရေအတွက်များများ ရိုက်ဖို့အစီအစဉ်မရှိပါသော်လည်း TV ဇာတ်လမ်း အကျိုးပြုတွေ၊
သာသနာပြု ဘာသာရေးဇာတ်လမ်းတွေ၊ ကာရာအိုကေတွေတော့ အဆင်ပြေရင်ပြေသလို အချိန်ပေးပြီး ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ဖြစ်နေပါ တယ်။ (၂၀၁၁)ထဲမှာ မူးယစ်နဲ့ပတ်သက်ပြီး လူမှုရေးဝန်ဆောင်အဖွဲ့တစ်ခုဖြစ်တဲ့ AHRM မှ မြန်မာပြည် Project တွေကို ဦးစီးလုပ်ဆောင်နေသူ ဦးလှိုင်မင်းဦးနဲ့ တွေ့ပြီး မူးယစ်တိုက်ဖျက်ရေး video ဇာတ်လမ်း တစ်ခုရိုက်ဖို့ အကြမ်းဖျင်း ပြောဖြစ်ကြတယ်။ အဲဒါနဲ့ (၈)လပိုင်း ကုန်ခါနီး ကျွန်တော လက်ရှိ မူးယစ်ဆေး လောကကို လေ့လာကြည့်ပြီး ဇာတ်တစ်ပုဒ်ရေးလိုက်ပါတယ်။ ဇာတ်ညွှန်းစကားပြောမထည့် ရသေးတဲ့ ဇာတ်လမ်းအကျဉ်းချုပ်ကို AHRMမှ (.....) ကိုg-mail မှ ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့လို့ ကျွန်တော့်ထံ နှစ်လခန့် အချိန်အထိ တိတိကျကျဖြစ်သော Information ပြန်မရခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ အခု လုပ်နေတဲ့ Pro Myanmar astrology website ကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်များနေတော့ လောလော ဆယ်မှာ ကိုယ်တစ်ဦးထဲဒီဇာတ်လမ်းရိုက်ဖို့ မစီစဉ်နိုင်သေးပါဘူး။ အဲတော့ Lashio outreach Porject နဲ့ ချိတ်ပြီး Project အကြီးအကဲတွေထံ၌ ဒီဇာတ်လေးပြန်တင်ပြဖို့ ကျွန်တော့်ဇာတ်ကို Project နာမည်တွေ ပြောင်းပြီး LOPကို တင်ဖို့ အခု လုပ်နေပါတယ်။
လောလောဆယ်မှာတော့ ကျွန်တော့ ပရိသတ်တွေ အားလုံးအတွက် အမှီးအနေနဲ့ပေါ့။ 2012 Velatime's day အထိမ်းအမှတ်အဖြစ် “ မေတ္တာဆိုသည်မှာ” Video ဇာတ်လမ်းအကျဉ်းကိုဘဲ ၀တ္ထုအနေနဲ့ တင်ပေးလိုက်ရခြင်းပဲ ဖြစ်ပါတော့တယ် ခင်ဗျာ
မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန် (လားရှိုး)
မှတ်ချက်-
ဤဇာတ်လမ်းသည် မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက လောကရဲ့ သဘောသဘာဝ တိုက်ဆိုင်မှုဖြစ်၍ နားလည်ပေးပါရန်..
  “မေတ္တာဆိုသည်မှာ ”
Lashio Outreach Project မူးယစ်ဆေး နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး(Lashio) လူမှုရေး ၀န်ဆောင် အဖွဲ့အစည်းသည် လားရှိုးမြို့တွင် ၂၀ ခုနှစ် လ ရက် နေ့တွင် စတင် ရုံးစိုက်ပြီး ဖွင့်လှစ်ခဲ့ပါသည်။ မူးယစ်ဆေးစွဲသူများအား အခမဲ့ ၎င်း LOP ဆေးခန်းတွင် ဆေးဖြတ်ပေးခြင်း၊ မူးယစ်ဆေးစွဲသူများ မည်သူမဆို နေမကောင်းဖြစ်လျှင် အခမဲ့ ရုံးဆေးခန်းတွင် ဆေးကုပေးခြင်း၊ ရောဂါ ပြင်းထန်၍ လိုအပ်လျှင် ရုံးစရိတ်နှင့် ပြင်ပအခမဲ့ဆေးရုံတင်ပေး၍ ဆေးကုသပေးခြင်း၊ HIV ပိုးရှိသူများအား ပြုစုစောင့် ရှောက်ပေးခြင်း၊ လစဉ်စားသောက်ရန် ရိက္ခာထုတ်ပေးခြင်း၊ မူးယစ်ဆေးမပြတ်နိုင်သူများအား လားရှိုး ဆေးရုံ မူးယစ်အထူးကုဆောင်တွင် methadone သောက်၍ အစားထိုးဆေးဖြတ်နိုင်ရန် ၀န်ဆောင် စီစဉ်ပေး မှုများပြုခြင်း၊ လားရှိုးဆေးရုံ မူးယစ်အထူးကုဆောင်တွင် ၄၂ ရက်တက်ရောက်၍ ဆေးကုသမှု ခံယူ၍ ဆေးဖြတ်လိုသူများအားလည်း အားလုံးဆေးရုံတက်ရောက်စဉ်ကာလ၌ နေ့စဉ်၊ နေ့လည်စာ၊ ညစာ၊ နံနက်စာ စားစရိတ်များ ဆေးဖိုးများအား LOP ရုံးစရိတ်နှင့်ပင် စရိတ်ငြိမ်း ဆေးကုသမှု ပြုစေခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ မူးယစ်ဆေးသုံးစွဲနေသူတိုင်းအားလည်း နေ့စဉ် တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုးပြွန် များ ဝေငှပေးနေမြဲဖြစ်ပါသည်။ လားရှိုးမြို့နှင့် သုံးမိုင်ခန့်အကွာတွင်ရှိသည့် မူးယစ်ဆေးဝါးတ၇ားမ၀င်ဝယ်ယူ၍ ရတတ်တဲ့လား၇ှိုးမြို့ပြင်မှအ၀င်လမ်း (၇) ရပ်ကွက် ကွက်သစ်တွင်လည်း LOP ရုံးခွဲတစ်ခု ဖွင့်လှစ်ပေးပြီး ဆေးထိုးအပ်နှင့် ပြွန်နေ့စဉ် အခမဲ့ ဝေငှပေးနေခြင်း၊ ရုံးတွင် ၀င်ရောက်အပန်းဖြေနားနေနိုင်ရန် စီစဉ်ထားပေးခြင်း၊ သောက်သုံးရန်ဆေးလိပ် ခေါက်ဆွဲထုပ်၊ကော်ဖီမစ်တို့ကို အခမဲ့တိုက်ခဲ့ပါတယ်။ အပတ်တိုင်းအပတ်တိုင်းလိုလိုမှာလဲ methadone သောက်သုံးသူများ စုပေါင်းဆွေးနွေးပွဲပြုလုပ်ခြင်း၊ လက်ရှိဆေးသုံးစွဲသူများ စုပေါင်းဆွေးနွေးပွဲ ပြုလုပ်ပေး ခြင်း၊ ဆေးပြတ်သူများ စုပေါင်းဆွေးနွေးပွဲပြုလုပ်ပေးခြင်းများကိုလည်း ဤ LOP အဖွဲ့အစည်းက ပုံမှန်ပြု လုပ်ပေးနေပါသည်။ အဲ့ဒီတော့ မူးယစ်ဆေးစွဲပြီး၊ ဆေးမဖြတ်နိုင်တဲ့ လူငယ်တွေအတွက် အဆင်ပြေမှုလေး တွေရရှိခဲ့ပါတယ်။ ဆေးစွဲလို့လူ့ဘောင် ပတ်ဝန်းကျင်အလည်မှာ လူသားအပေါင်းတို့၏ ၀ိုင်းပြီးအပယ်ခံ ဘ၀တွေကို ခံစားနေရတဲ့ ဆေးစွဲသူ လူငယ်တွေကို ကိုဒီ LOP လူမှုရေးအဖွဲ့စည်းက ၀န်ထမ်းတွေက အားပေးခဲ့၊ ကူညီခဲ့၊ လက်တွဲခဲ့ကြပါသည်။
မူးယစ်ဆေးစွဲသူတွေထဲက HIV ပိုးရှိသူတွေ အတွက်ဆိုရင် သိပ်ကို နေမကောင်းဖြစ်တဲ့အချိန်မှာ အဆင်ပြေသွားပါပြီ။ HIV ရှိသူတွေ ART လို့ခေါ်တဲ့ HIV ထိမ်းဆေးလိုအပ်သူတိုင်းကိုလည်း ဒီ LOP အဖွဲ့စည်းကြီးကပဲ ART ရအောင်စွမ်းဆောင်ပေးတယ်။ အဲ့ဒါကြောင့်မလို့ HIV ပိုးရှိသူတွေအနေနဲ့လည်း မည်သူမဆို ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သက်တမ်းစေ့ နေနိုင်သွားကြပါပြီ။ သာမန်လူတွေ လိုဘဲ အလုပ်တွေလုပ်ပြီး ဘ၀ကိုတန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ပါပြီ။ လူသားတွေနဲ့ ကမ္ဘာကြီးရဲ့ ကောင်းကျိုး၊ သာသနာကြီးအတွက်ကို ကောင်းစွာ ကောင်းကျိုးပြုနိုင်ခဲ့ကြပါပြီ။ အဲဒီလိုနဲ့ဘဲ တစ်နေ့မှာ အေးချမ်းမိုးလို့ ခေါ်တဲ့ မူးယစ်ဆေးစွဲနေတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။ အဲဒီကောင်လေးက ခေတ်ပညာတတ်တစ်ယောက်ပါ။ အသက်မွေးဝမ်းကျောင်းပညာတွေဖြစ်တဲ့ ဓါတ်ပုံ၊ ဗွီဒီယို ရိုက်ကူးရေး အလုပ်တွေဖက်မှာကို အလွန်ကို ကျွမ်းကျင်အောင်မြင်ခဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘ၀ရဲ့ နာကျည်း အထီးကျန်ခဲ့ရတဲ့ ဘ၀ခံစားချက်တွေကြောင့်မလို့ မူးယစ်ဆေးစွဲခဲ့တဲ့ဘ၀ကို ရောက်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဘယ်လိုမှကို ဖြတ်တောက်လို့မရတော့တဲ့ အခြေအနေကို ရောက်ခဲ့တယ်။ သူပညာသင် ပေးခဲ့တဲ့ တပည့်တွေ၊ သူ့ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတွေ၊ သူ့ဆွေမျိုးသားချင်းတွေ၊ မိဘ ညီအစ်ကိုမောင်နှမတွေရဲ့ အပယ်ခံဘ၀ကို ဘယ်လိုမှ မမျှော်လင့်ဘဲနဲ့ အေးချမ်းမိုးတစ်ယောက် ရောက်ရှိ သွားပါတယ်။ အဆိုးဆုံးကတော့ အေးချမ်းမိုးတစ်ယောက် သိပ်ကိုချစ်ရတဲ့၊ သိပ်ကိုဘ၀အတွက် မျှော်လင့် ခဲ့တဲ့ ချစ်သူကောင်မလေး “သီသီ”ရဲ့ ဥပေက္ခာပြုမှုတစ်ခုကိုပါဘဲ၊ လွန်စွာမှ ကြေကွဲဝမ်းနည်းစွာနဲ့ ဆုံးရှုံးမှု တွေတစ်ပွေ့တပိုက်ကြီးနဲ့ “ဘိန်းစား”လို့ ကင်ပွန်းတပ်ခံရတဲ့ ဘ၀နဲ့အတူ အေးချမ်းမိုးနေထိုင်ခဲ့ရတဲ့ အချိန်တွေဟာ တော်တော်လေးကို ကြာညောင်းခဲ့ပါတယ်။ အဲဒီမှာဘဲ LOP လားရှိုးရုံးဝန်ထမ်း အဖွဲ့အစည်း ရဲ့--- အဆင့်ရှိသူ ကိုမင်းမင်းနဲ့အတူ အေးချမ်းမိုးတစ်ယောက် ဆုံစည်းခဲ့ရတယ်။ LOP ရဲ့ ဆရာဝန်မလေး ဖြစ်သူ ဒေါက်တာမေမြင့်မိုးရဲ့ ကျင်နာမှု၊ နွေးထွေးမှုနဲ့အတူ မူးယစ်ဆေး ဖြတ်တောက်ကုသမှုကို ခံယူခဲ့ပါ တယ်။ အဲဒီမှာဘဲ မူးယစ်ဆေးသုံးရင်း ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဆိုသူ မှာလည်း အေးချမ်းမိုးနဲ့အတူ ၎င်း LOP အဖွဲ့အစည်းကို ရောက်လာခဲ့တယ်။ LOP ရဲ့ ဆရာဝန်မလေး ဒေါက်တာ မေမြင့်မိုးမှာ အေးချမ်းမိုးကို လွန်စွာမှ ဂရုဏာသက်သွားခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အားပေး စကားတွေ မျိုးစုံပြောခဲ့တယ်။ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ပတ်တာကာလမှာဘဲ အေးချမ်းမိုးနဲ့ ဒေါက်တာမေမြင့်မိုးတို့၏ ဆက်ဆံရေးဟာ တကယ့်ဟိုးနှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့သလို၊ ငယ်ပေါင်းသူငယ်ချင်းတွေလို ရင်းနှီးသွားခဲ့ကြတယ်။ အေးချမ်းမိုးရဲ့သူငယ်ချင်း တွဲဖော်၊ တွဲဖက်ဖြစ်သူ ကျော်ကျော်ကိုလည်း ဒေါက်တာ မေမြင့်မိုးမှ အေးချမ်းမိုးရဲ့ အတိတ်အကြောင်းတွေကို အမျိုးမျိုးဖန်တီးပြီး မေးခဲ့တယ်။ အဲဒီလိုနဲ့ဘဲ တကယ့်ပညာတတ် တန်ဖိုးရှိတဲ့ ယောက်ျားတစ်ယောက်ဟာ အခုလိုဆေးစွဲသွား တဲ့ ဆေးသမားဘိန်းစားဘ၀က လွတ်မြောက်ဖို့အတွက် ဆရာဝန်မလေး ဒေါက်တာ မေမြင့်မိုးမှာ အမျိုးမျိုး စဉ်းစားနေမိတယ်။ တကယ်တော့ ဆရာဝန်မလေး ဒေါက်တာမေမြင့်မိုးမှာ ပညာပြည့်ဝ နှလုံးလှလွန်းတဲ့ မိန်းမကောင်းလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သူမဘ၀ရဲ့ အခုလိုရှင်သန်လုပ်ကိုင်နေရတဲ့ဘ၀ကို သိပ်ကို တန်ဖိုးရှိသည်ထက်ရှိလာအောင် လွန်စွာမွန်မြတ်တဲ့ လူသားအကျိုးပြု ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်သွားပြီး မိန်းမကောင်း၊ မိန်းမမြတ်ဘ၀ကို ခံယူနိုင်ဖို့ ကြိုးစားနေသူ အမျိုးကောင်းသမီး မိန်းမချောတစ်ယောက်ပါ။ တစ်နေ့မှ ရုံးဝန်ထမ်းတွေ ဆွေးနွေးပွဲလုပ်ရင်းနဲ့ အေးချမ်းမိုးနဲ့ ပတ်သက်ပြီးတော့ - ( )ဖြစ်သူကို မင်းမင်းနဲ့ တိုင်ပင်ခဲ့တယ်။ အေးချမ်းမိုးက မူးယစ်ဆေးကို ဘယ်လိုမှ မဖြတ်နိုင်ခဲ့ဘူးဆိုရင် လည်း methadone သောက်ပြီး သူ့ရဲ့ဘ၀ကိုသူ ပြန်ပြီးတည်ထောင်ရန်အတွက် ကူညီဆောင်ရွက်နိုင်ဖို့ကို အထူးဆွေးနွေးခဲ့ပါတယ်။
အေးချမ်းမိုးကဲ့သို့ပဲ မည်သူမဆို ဆေးမဖြတ်နိုင်ဘူးဆိုရင်လည်းဘဲ methadone အစားထိုးဆေး သောက်သုံးပြီး ကိုယ်တတ်တဲ့ ပညာလေးတွေနဲ့ ကိုယ့်ဘ၀ကို ပြန်လည်ထူထောင်နိုင်အောင် Lashio Outreach Project အနေနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ကူညီနိုင်သလောက် ကူညီလုပ်ကိုင်ဖို့ ရုံးတွင်းဆွေးနွေးပွဲမှာ ---- officer ကို Project doctor ဖြစ်သူ ဆရာဝန်မလေးဒေါက်တာမမြင့်မိုးက
“ ကျွန်ုပ်နှင့် အမဲသားကြိုက်သော မောင်မြဖေ ” မင်းသိင်္ခ
တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေ မောင်မြဖေရှိရာ လှည်းကူးမြို့ဆီသို့ အလည်အပတ် သွားရောက်ခဲ့ပေ၏။ ၎င်း မောင်မြဖေသည် အပျိုကြီးညီအစ်မနှစ်ယောက်နှင့် တစ်ပြိုင်တည်း အိမ်ထောင် ကျခဲ့သဖြင့် လွန်စွာမှ အတိဒုက္ခရောက်နေကြောင်း ကျွန်ုပ်အနေနှင့် ကြိုတင်၍ သိထားရလေ၏။
ထို့ကြောင့် ကျွန်ုပ်အနေနှင့် ၎င်းမောင်မြဖေအား ကူညီနိုင်သရွေ့ ကူညီရန်အတွက် သွားရောက်ခဲ့ ခြင်း ဖြစ်ပေသည်။ လှည်းကူးသို့ရောက်သည့်အခါ၌ ကျွန်ုပ်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ဈေးအတွင်းသို့ ၀င်ကာ စားဖွယ်သောက်ဖွယ်များ ၀ယ်ယူခဲ့လေ၏။ ထို့နောက်မှ မောင်မြဖေ နေထိုင်ရာ မြို့၏အစွန်ပိုင်း ရပ်ကွက်ဆီသို့ သွားရောက်ခဲ့လေ၏။
မောင်မြဖေ၏ အိမ်ရှေ့တွင် ရေမြောင်းလေးတစ်ခုရှိလေ၏။ ထိုရေမြောင်းကလေးပေါ်၌ ခနော်ခနဲ့ နိုင်လှသည့် ၀ါးလုံးတံတားလေးတစ်ခု ထိုး၍ထားလေ၏။
ကျွန်ုပ်သည် ၀ါးတံတားလေးပေါ်မှဖြတ်၍ မောင်မြဖေ၏တဲဆီသို့ ၀င်လေ၏။ ကျွန်ုပ်ဝင်လာသည်ကို မောင်မြဖေသာလျှင်မဟုတ်၊ ၎င်း၏ဇနီးနှစ်ယောက်ပင် မတွေ့မြင်ကြပေ။
လင်မယားသုံးယောက်သည် ထမင်းစားပွဲ၌၀ိုင်းကာ ဒူးထောင်ပေါင်ကားထိုင်လျှက် ထမင်းစားနေ ကြလေ၏။ စားပွဲ၏အလယ်တွင် ဟင်းဇလုံကြီးတစ်လုံး ချ၍ထားလေ၏။ ထိုဇလုံထဲတွင် ဟင်းများပြည့် မောက်အောင်ထည့်၍ ထားလေ၏။ ထိုဟင်းမှာ အမဲသားဟင်းဖြစ်ကြောင်းကို
မျောက်နှင့်တူသောသူငယ်ချင်း (ပထမပိုင်း) မင်းသိင်္ခ
တစ်ခါက ကမ္ဘာလောကကြီးအတွက် လွန်စွာမှ အရေးကြီးသော သိပ္ပံဆရာကြီး တစ်ဦး၏ ပစ္စည်းများကို သူ၏ အိမ်တွင်မွေးထားသော မျောက်တစ်ကောင်က ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။ ထိုအခါ သိပ္ပံဆရာကြီးသည်… “သြော်..မင်းဟာ မျောက်ကိုး၊ ဘယ်လောက် အရေးကြီးမှန်းမသိတော့ ဖျက်ဆီးပစ်တာပေါ့” ဟု ညည်းတွားလေ၏။ တအောင့်ကြာသော် ထိုသိပ္ပံဆရာကြီးကပင်… “တချို့လူတွေလဲ မင်းလိုပါပဲကွာ” ဟု ထပ်မံပြောဆိုပြန်လေ၏။ ထိုသိပ္ပံဆရာကြီးက သိပ္ပံပညာကို သာမက၊ မျောက်၏သဘောကိုလည်း သိ၏။ မျောက်နှင့် တူသော လူတို့၏ သဘာဝတို့ကိုလည်း သိပေသည်။ ကျွန်ုပ်မှာမူကား သိပ္ပံဆရာကြီးလည်း မဟုတ်၊ မျောက်အကြောင်းကိုလည်း ဂဃနဏ သိသူလည်းမဟုတ်၊သို့ရာတွင်
မျောက်နှင့်တူသောသူငယ်ချင်း (ဇာတ်သိမ်းပိုင်း)(မင်းသိင်္ခ)
ဘတ်စ်ကား လာသောအခါ၌ ကျွန်ုပ်လည်း ထွန်းမြင့်ကိုနှုတ်ဆက်၍ ဘတ်စ်ကားပေါ်သို့ တွယ်၍တက်ခဲ့၏။ အိမ်သို့ရောက်လျှင်ရောက်ချင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိန်မအား ကိုမျောက်ကြီး၏ အကြောင်းကို ပြောပြလေတော့၏။ ကျွန်ုပ်၏ မိန်းမသည် လွန်စွာ အံ့သြ၍နေ၏။ “သြော်… အဲဒီစာရေးဆရာဟာ ရှင့်သူငယ်ချင်း ကိုမျောက်ကြီးကိုး၊ ကျွန်မ သူ့စာအုပ်တွေ သိပ်ကြိုက်တာ၊ ဘာပဲဖြစ်ဖြစ်
ရှင်သွားသင့်တယ်၊ ရှင့်ကို သူက တော်တော်ခင်တာပဲ၊ ရှင်သွားရင်တော့ သူက လိုအပ်တာတွေ ကူညီမှာပါ” ဟု ကျွန်ုပ်၏မိန်းမက ပြောလိုက်လေ၏။
ထိုအချိန်၌ပင် ကျွန်ုပ်၏အိမ်သို့ ရပ်ကွက်တွင်းမှ လူသုံးလေးဦး အမောတကော ရောက်ရှိလာလေ၏။ ထိုအထဲတွင် ရပ်ကွက်လူကြီး တစ်ဦးလည်းပါလာ၏။ ထိုရပ်ကွက်လူကြီးက… “ဦးထွန်းခင်ရေ၊ ဘယ်လိုမှတော့ မအောက်မေ့ပါနဲ့ဗျာ၊ ခင်ဗျားသား အငယ်ကောင် ကားဂိတ်မှာ မိန်းမတစ်ယောက်ရဲ့ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်ကို နှိုက်လို့ဆိုပြီး ဝိုင်းရိုက်လိုက်တာ ဆေးရုံရောက်သွားပြီ၊ ရဲကလဲ အမှုဖွင့်လိုက်တယ်ဆိုတော့ ဆေးရုံးဂိတ်ဝပ်မှာရောနေပြီ၊ အာမခံလေး ဘာလေးရအောင် လိုက်ပေးဦးတော့ဗျို့” ဟု ဆိုလိုက်ရာ ကျွန်ုပ်၏ ခေါင်းကို မြွေပွေးကိုက်သကဲ့သို့ ခံစားလိုက်ရလေတော့၏။
ကျွန်ုပ်၏ မိန်းမမှာမူ မျက်ရည်များ တတွေတွေကျလာ၏။ မိဘမပြည့်စုံသောအခါ သားသမီးများ အကျင့်ပျက်လာကြ၏။ ကြံမိကြံရာ လုပ်လာကြ၏။ ကျွန်ုပ်၏ မိန်းမသည် တရှုံ့ရှုံ့ငိုနေရာမှ.. “ကိုထွန်းခင်၊ ရှင်ဒီလို ငူငူကြီးထိုင်နေလို့ မပြီးဘူး၊ ကလေးနောက်ကို လိုက်ဦးမှ” ဟု ငိုသံပါကြီးဖြင့် ပြောလိုက်လေ၏။ “ရှင့်သူငယ်ချင်း ကိုမျောက်ကြီးဆီကို သွားလေ၊ သူက ရှင့်ကို ခင်ပါတယ်၊ ကူညီမှာပါ” ဟု ကျွန်တော်မိန်းမက ပြောလေ၏။ “လက်ချည်ူးသက်သက် သွားပြီး တောင်းရမှာကတော့ ငါ့အနေနဲ့ လိပ်ပြာမသန့်ဘူး၊ ပစ္စည်းတစ်ခုခု ရောင်းတဲ့ အနေနဲ့ဆိုရင် ကောင်းမယ် မိန်းမ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကျွန်ုပ်၏မန်းမက.. “ရောင်းစရာဆိုလို့ ဘာများရှိလို့လဲ ကိုထွန်းခင်ရယ်” ဟု ဆိုကာ ကိုမျောက်ကြီးထံတွင် ရောင်းချနိုင်မည့် ပစ္စည်းကို စဉ်းစားကြလေ၏။ ကျွန်ုပ်တို့သည် ဤသို့ပင် ပစ္စည်းများကို ရောင်းချစားသောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမဟုတ်ပါလား၊
သို့ရာတွင် ကျွန်ုပ်တို့၌ ပစ္စည်းတစ်ခုရှိ၏။ ထိုပစ္စည်းကို ကျွန်ုပ်တို့ လင်မယားသည် မည်မျှအထိ ဒုက္ခရောက်သည်ဖြစ်စေ မရောင်းဘဲ ကုတ်ကပ်၍ထားခဲ့၏။ ထိုပစ္စည်းမှာ အခြားမဟုတ်၊ ကျွန်ုပ်တို့ ဇနီးမောင်နှံ မင်္ဂလာဆောင်စဉ်က လက်ဖွဲ့ အဖြစ် ရရှိခဲ့သော ကြိမ်ခြင်းကလေးဖြင့် ထည့်ထားသည့် ကြွေးရေနွေးခရားနှင့် ရေနွေးပန်းကန်ကလေးနှစ်လုံးပင် ဖြစ်၏။ ကျွန်ုပ်တို့လင်မယား လက်ထပ်သော ညက တစ်ကြိမ်သာ ရေနွေးထည့်၍ သောက်ပြီး
Monday, August 12, 2013
ကျန်းမာရေး စာအုပ်များ
ကိုယ်ဝန်ဆာင် မိခင်ကျန်းမာရေး
ဒေါက်တာ ဦးတင့်ဆွေလတ် ဆီးချိုသွေးချို ရောဂါအကြောင်း
ပါမောက္ခမင်းဓာတု ရင်သားကင်ဆာ
ဒေါက်တာသီဟ HIV မှတ်စုများ 2004
ဒေါက်တာမောင်မောင်ညို ထူးဆန်းထွေလာ စားစရာနှင့် အာဟာရဗေဒ
ဒေါက်တာနန်းဥမ္မာ – က္ကထ္တိယနဲ့ ဆေးပညာ
ဒေါက်တာအောင်ခင်ဆင့် – ဖိုနဲ့မဆက်ဆံရေး
ဒေါက်တာနိုက်တင်ဂေလ်း – သန္ဒေကာတာ
နေ၀င်း(လန်ဒန်) – မြန်မာ့ဆေးမြီးတိုများ
ဒေါက်တာလှဖေ – စိတ်ဝင်စားစရာ သင့်ခန္ဒာ (အမှတ် ၁)
ဒေါက်တာလှဖေ – စိတ်ဝင်စားစရာ သင့်ခန္ဒာ (အမှတ် ၂)
ဇီဝက (ဆေး ၂) – ၂၀၀၉ ခုနှစ် H1N1 နှင့် ရာသီတုတ်ကွေး အိမ်တွင်းပြုစုနည်း
ဒေါက်တာတင်မောင်ထွေး ကလေးသူငယ် ပြုစုပျိုးထောင်နည်း
သာဂဒိုး – စူလာနဖာနှင့် ဆေးနည်း ဆေးပင်များ
Read Online
  1. ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး (March 07, 2009)
  2. မောင်မောင်ထွန်းအောင်(ကျန်းမာရေး) – ဆီးချိုသွေးချိုရောဂါအကြော င်း ( March 7, 09)
  3. ပါမောက္ခမင်းဓာတု – ရင်သားကင်ဆာ သိကောင်းစရာများ ( March 08, 2009)
  4. ဒေါက်တာသီဟ – HIV မှတ်စုများ (March 07, 2009)
  5. ဒေါက်တာမောင်မောင်ညို – ထူးဆန်းထွေလာစားစရာနှင့် အာဟာရဗေဒ (March 07, 2009)
  6. ဒေါက်တာနန်းဥမ္မာ – က္ကထ္တိယနဲ့ ဆေးပညာ (Nov 28, 2009)
  7. ဒေါက်တာအောင်ခင်ဆင့် – ဖိုနဲ့မဆက်ဆံရေး
  8. ဒေါက်တာနိုက်တင်ဂေလ်း – သန္ဒေကာတာ ( ကိုယ်ဝန်တားခြင်း နည်းလမ်းအသွယ်သွယ်) (07/08)
  9. နေ၀င်း(လန်ဒန်) – မြန်မာ့ဆေးမြီးတိုများ (March 7, 2009)
  10. သာဂဒိုး – စူလာနဖာနှင့် ဆေးနည်း ဆေးပင်များ (08/24)
  11. ဒေါက်တာလှဖေ – စိတ်ဝင်စားစရာ သင့်ခန္ဒာ (အမှတ် ၂)
  12. ဇီဝက (ဆေး ၂) – ၂၀၀၉ ခုနှစ် H1N1 နှင့် ရာသီတုတ်ကွေး အိမ်တွင်းပြုစုနည်း
  13. ဒေါက်တာတင်မောင်ထွေး – ကလေးသူငယ်ပြုစုပျိုးထောင်နည်း